Saturday, May 11, 2013

မာသာထရီဇာ - myworldtolivein

လူ့လောကကြီးနဲ့လူသားတွေအတွက်အသက်ရှင်ပြီးအကျိုးဆောင်ခဲ့သူတွေအနက်
မာသာထရီဇာဟာတစ်ဦးအပါအ၀င်ပါ။ရှိရှိသမျှကိုယ်ကျိုးစွန့်ပြီးအငယ်ဆုံးသောသူတွေအတွက်
တတ်စွမ်းသလောက်လုပ်ဆောင်သွားခဲ့သူဖြစ်ပါတယ်။ဒီလိုလူတွေအတွက်လုပ်ဆောင်ရခြင်းအတွက်
ဘာကိုမှလည်းမတောင်းဆိုခဲ့သလို၊လုပ်ပေးရလောက်အောင်တန်ကောတန်ရဲ့လားလို့
သံသယလည်းမဖြစ်ခဲ့ပါဘူး။သူမဆီကခွန်အားရယူကြပါစို့။


မာသာထရီဇာ

အဂ္ဂနက်စ်ဂွန်ဇာဘိုဂျက်ဇုကို၁၉၁၀ခုနှစ်၊သြဂုတ်လ၊၂၆ရက်နေ့တွင်အော်တိုမင်အင်ပါယာ၊
ဥဇကပ်(ယခုကာလ၊မက်ဆီဒိုးနီးယားနိုင်ငံရဲ့မြို့တော်၊စကုပ်ဂျီ)မှာဖွားမြင်ခဲ့ပါတယ်။သူမဟာ
အယ်လဘေးနီးယားနိုင်ငံ၊စကိုဒါဒေသကလာတဲ့နီကိုလေနဲ့ဒရာနာဘိုဂျက်ဇုမိသားစုရဲ့
အငယ်ဆုံးသမီးလေးဖြစ်ပါတယ်။အယ်လဘေးနီးယန်းနိုင်ငံရေးလောကမှာကျင်လည်နေတဲ့
သူမရဲ့ဖခင်နီကိုလေကွယ်လွန်ချိန်၊၁၉၁၉ခုနှစ်အချန်မှာသူမဟာအသက်(ဂ)နှစ်အရွယ်သာရှိပါသေးတယ်။
ဖခင်ကွယ်လွန်ပြီးချိန်မှာမိခင်ဖြစ်သူကသူမကိုရိုမန်ကက်သလစ်ဘာသာဝင်တစ်ယောက်ဖြစ်လာအောင်
သွန်သင်ခဲ့ပါတယ်။ဖခင်နီကိုလေဟာပရစ်ဇန်ကိုဆိုဗိုကလာသူဖြစ်ပြီးမိခင်ဒရာနာကတော့
ဒါကိုဗီကာကိုဆိုဗိုဒေသအနီးကရွာလေးတစ်ရွာကဖြစ်ပုံရပါတယ်။

သူမရဲ့ငယ်စဉ်တောင်ကျေးကလေးဘ၀ကိုအိန္ဒိယပြည်မှာသာသနာပြုခဲ့တဲ့ပုဂ္ဂိုလ်တွေရဲအသက်တာဖြစ်
ရပ်တွေကကြီးစိုးလွမ်းမိုးထားပုံရပါတယ်။အသက်၁၂နှစ်အရွယ်မှာတော့အဂ္ဂနက်စ်ကလေးဟာ
ဘာသာရေးလောကထဲကိုဝင်ရောက်ဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။သူမရဲ့နောက်ဆုံအဓိဌာန်ကို
သူမဘုရားဖူးသွားလေ့ရှိတဲ့လက်နိုက်စ်ကမက်ဒေါနားရုပ်တုရှေ့ မှောက်မှာဆုတောင်းနေစဉ်
၁၉၂၈ခုနှစ်ရဲ့သြဂုတ်လ၊၁၅ရက်နေ့မှာချခဲ့တာဖြစ်ပါတယ်။သီလရှင်တစ်ပါးဖြစ်လာဖို့အတွက်
အသက်၁၈နှစ်အရွယ်မှာလော်ရီတိုကသီလရှင်ကျောင်းကိုဝင်ဖို့အိမ်ကထွက်ခွာခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့အဂနက်စ်ဟာအိမ်ကမိခင်နဲ့အစ်မတွေကိုပြန်ဆုံတွေ့ခွင့်မကြုံတော့ပါဘူး။

ပထမဦးစွာအင်္ဂလိပ်စာသင်ဖို့အဂ္ဂနက်စ်ဟာအိုင်ယာလန်နိုင်ငံ၊ရပ်ဖ်ဖာဟမ်မှာရှိတဲ့လော်ရီတို
သီလရှင်ကျောင်းကိုသွားရပါတယ်။ဒီကျောင်းဟာအိန္ဒိယကခလေးသူငယ်တွေကိုအင်္ဂလိပ်စာသင်
ဖို့အတွက်လော်ရီတိုကသီလရှင်တွေတက်လေ့ရှိတဲ့ကျောင်းဖြစ်ပါတယ်။၁၉၂၉ခုနှစ်မှာတော့
အဂ္ဂနက်စ်ဟာအိန္ဒိယပြည်ကိုရောက်ရှိလာပြီးဟိမ၀န္တာတောင်ခြေနားကဒါဂျီလင်မှာသာသနာ
အမှုတော်ကိုစတင်ခဲ့ပါတယ်။အဂ္ဂနက်စ်ဟာသူမတို့ရဲ့ကွန်ဗင့်ကျောင်းမှာကလေးတွေကို
စာသင်နေရင်းအနီးမှာရှိတဲ့စိန့်ထရီဇာကျောင်းမှာဘင်ဂါလီဘာသာကိုသင်ယူခဲ့ပါတယ်။
၁၉၃၁ခုနှစ်၊မေလ(၂၄)ရက်နေ့မှာတော့သီလရှင်တစ်ပါးအဖြစ်သစ္စာဆိုခဲ့ပါတယ်။
စိန့်ထရီစီဒီလီစီယော့ဆ်ရဲ့ဘွဲ့နာမကိုခံယူလိုပေမယ့်ကွန်ဗင့်ကျောင်းကအခြားသီလရှင်
တစ်ပါးခံယူသွားပြီးဖြစ်သောကြောင့်စပိန်ဘာသာအရထရီဇာဆိုတဲ့အမည်ကိုဘဲခံယူလိုက်ပါတယ်။

ကလ္တကတ္တားမြို့အရှေ့ဖက်ပိုင်းကအန္တာလီကွန်ဗင့်ကျောင်းမှာစာပြနေတဲ့အချိန်၊၁၉၃၇ခုနှစ်၊မေလ
(၁၄)ရက်နေ့မှာ တော့လေးနက်တဲ့သစ္စာကိုပြုခဲ့ပါတယ်။အဲဒီမှာနှစ်ပေါင်းနှစ်ဆယ်နီးပါးတာဝန်
ထမ်းဆောင်ပြီးချိန်၊၁၉၄၄ခုနှစ်မှာကျောင်းအုပ်ဆရာမကြီးဖြစ်လာခဲ့ပါတယ်။ကျောင်းမှာ
စာသင်ပြရတာကိုသီလရှင်ထရီဇာပျော်ပိုက်ပါတယ်။ဒါပေမယ့်ပတ်ပတ်လည်မှာမြင်နေရတဲ့
ကလ္တကတ္တားရဲ့ဆင်းရဲတွင်းနက်မှုကသူမကိုပိုပြီးစိတ်အနှောက်အယှက်ဖြစ်စေပါတယ်။
၁၉၄၃ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ဘင်္ဂလားငတ်မှုခေါင်းပါးမှုဘေးကမြို့တော်ကြီးဆီအနိတ္ထာရုံတွေနဲ့
အနိစ္စတရားကိုသယ်ဆောင်လာချိန်၊၁၉၄၆ခုနှစ်သြဂုတ်လမှာဖြစ်ပွားခဲ့တဲ့ဟိန္ဒူနဲ့မူဆလင်
လူမျိုးတို့ရဲ့အဓိကရုဏ်းကြီးကလ္တကတ္တားမြို့ကြီးကိုဒုက္ခပင်လယ်ဝေစေခဲ့ပြီးချောက်ချားစရာ
ဌာနေတစ်ခုဖြစ်စေခဲ့ပါတယ်။

၁၉၄၆ခုနှစ်၊စက်တင်ဘာလ(၁၀)ရက်နေ့၊ခါတိုင်းနှစ်တွေလိုကလ္တကတ္တားကနေဒါဂျီလင်ကလော်ရီတို
ကွန်ဗင့်ကျောင်းကိုအသွားမီးရထားဘူတာရုံမှာခေါ်သံကိုသူမကြားလိုက်ရပြီ။
..ငါဟာကွန်ဗင့်ကျောင်းကထွက်ခွာပြီးတော့ဆင်းရဲသားတွေတောထဲမှာနေထိုင်ရင်းသူတို့ကို
ကူညီရမယ်။ဒါဟာအထက်ကလာတဲ့အမိန့်ဖြစ်တယ်။ဒါကိုလုပ်ဆောင်ဖို့ပျက်ကွက်ခြင်းဟာ
ငါ့ရဲ့ယုံကြည်ခြင်းပျက်သုံးသွားခြင်းဘဲ..
လို့သူမခံယူခဲ့ပါတယ်။

၁၉၄၈ခုနှစ်မှာတော့လော်ရီတိုသီလရှင်ဝတ်ရုံဖြူအစားအပြာစင်းအနားသတ်တွေပါတဲ့ဝတ်ရုံ
ကိုပြောင်းလဲဝတ်ဆင် ပြီးဆင်းရဲသားတွေအတွက်စတင်လုပ်ဆောင်ပါတော့တယ်။အိန္ဒိယ
လူမျိုးအဖြစ်ခံယူပြီးပန်တာကဆေးရုံမှာလအနည်းငယ်ကြာဆေးပညာသင်ယူပြီးသည့်ကာလ
ကလ္တကတ္တားရဲ့ဆင်းရဲသားရပ်ကွပ်ထဲမှာအလုပ်စတင်ခဲ့ပါတယ်။အစဦးဆုံးမော်တစ်ဂ်ျဟေးလ်
မှာကျောင်းတစ်ကျောင်းဖွင့်တယ်။များမကြာမီလူမွဲတွေနဲ့ငတ်မွတ်ခေါင်းပါးသူတွေအတွက်
စတင်လုပ်ဆောင်ပါတော့တယ်။၁၉၄၉ခုနှစ်ဦးပိုင်းမှာတော့အမျိုးသမီးငယ်တစ်စုကသူမရဲ့
လုပ်ငန်းမှာပါဝင်လာခဲ့ပြီးဆင်းရဲဆကာ့အဆင်းရဲဆုံးသူများအတွက်
အမှုတော်ကိုစတင်ခဲ့ပါတယ်။

များမကြာမီအချိန်အတွင်းမှာသူမရဲ့လုပ်ဆောင်မှုတွေကိုအာဏာပိုင်တွေကသတိပြုမိ
လာပြီးဝန်ကြီးချုပ်ကိုယ်တိုင်ကအသိအမှတ်ပြုမှုကိုဖေါ်ပြလာပါတယ်။မာသာထရီဇာရဲ
့ဒိုင်ယာရီအရဆိုရင်တော့ပထမနှစ်ဟာအခက်အခဲတွေနဲ့နပန်းလုံးနေရတဲ့ကာလပါဘဲ။
ဝင်ငွေတပြားမှမရှိတဲ့အတွက်အစားအသောက်နဲ့အထောက်အပံ့အတွက်ဖြေရှင်းစရာ
နည်းလမ်းကတော့လိုက်လံတောင်းရမ်းရခြင်းပါဘဲ။အစဦးပိုင်းလတွေမှာသံသယတွေ
နဲ့အထီးကျန်မှုတွေကြောင့်ပိုပြီးသက်တောင့်သက်သာရှိတဲ့ကွန်ဗင်းကျောင်းကိုပြန်ချင်တဲ့
အထိဖြစ်ခဲ့ပါတယ်။သူမရဲ့ဒိုင်ယာရီထဲမှာ
..သခင်ဘုရားကဆင်းရဲခြင်းကားတိုင်ကိုထမ်းဖို့လွပ်လပ်တဲ့သီလရှင်တစ်ပါးဖြစ်စေချင်ခဲ့ပြီ။
ဒီကနေ့သင်ခန်းစာကောင်းကိုရခဲ့ပြီ။ဆင်းရဲသားတွေကြုံတွေ့ရတဲ့ဒုက္ခဟာသူတို့အတွက်
ပင်ပန်းလှပါတယ်။သူတို့အတွက်နေစရာအိမ်၊အစားအစာနဲ့ကျန်းမာရေးအတွက်
ဘယ်လောက်များခက်ခက်ခဲခဲကြိုးပမ်းရမလဲ။ဒီလိုနဲ့ကျွန်မဟာအလိုတော်အတိုင်း
ဒီမှာဘဲဆက်နေဖို့ဆန္ဒပြုခဲ့ပါတယ်။သူတို့မျက်ရည်တစ်စက်မကျစေရပါဘူး။..

Missionary of Charity အဖြစ်ရပ်တည်လုပ်ဆောင်သွားရန်ခွင့်ပြုချက်ကို၁၉၅၀ခုနှစ်
၊အောက်တိုဘာလ(ရ)ရက်နေ့မှာဗာတီကန်ကခွင့်ပြုခဲ့ပါတယ်။မစ်ရှင်ကတော့သူမ
အဆိုအတိုင်းပြောရပါက
..ဆာလောင်သူ၊အ၀တ်မဲ့သူ၊အိမ်မဲ့ယာမဲ့၊ဒုက္ခိတ၊မျက်မမြင်၊နူနာစွဲသူများ၊အပယ်ခံများ၊
လူအသိုင်းအ၀ိုင်းကစွန့်ပယ်ခြင်းခံရသူများ၊လူ့အဖွဲ့အစည်းအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်နေ
သူများ၊လူတိုင်းနှာခေါင်းရှုံ့မှုခံနေရသူများ…
အတွက်ပါဘဲ။

အဲဒီအချိန်တုန်းကကလ္တကတ္တားမှာသီလရှင်(၁၃)ပါးနဲ့စတင်ခဲ့တဲ့အမှုဟာခုချိန်မှာတော့
ကမ္ဘာတစ်ဝှမ်းမှာမိဘမဲ့ဂေဟာတွေ၊အေအိုင်ဒီအက်စ်စောင့်ရှောက်မှုလုပ်ငန်းတွေ၊
ဂရုဏာလုပ်ငန်းအမျိုးမျိုးကိုလုပ်ဆောင်နေကြတဲ့သီလရှင်ပေါင်း(၄၀၀၀)ကျော်ရှိနေပါပြီ။

၁၉၅၂ခုနှစ်၊ကလ္တကတ္တားမြို့တော်မှာသေခါနီးလူတွေအတွက်ဂေဟာတစ်ခုကိုစတင်ဖွင့်လှစ်ခဲ့
ပါတယ်။အာဏာပိုင်တွေရဲ့အကူအညီနဲ့စွန့်ပစ်ထားတဲ့ဟိန္ဒူဘုရားကျောင်းတစ်ဆောင်ကို
အခမဲ့သေခါနီးစောင့်ရှောက်မှုဂေဟာအဖြစ်ပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ်။ဒီဂေဟာကိုရောက်လာ
သူတွေဟာဆေးကုသမှုကိုခံယူရတဲ့အပြင်သေဆုံးသူတွေကလည်းလူလိုသူလိုဂုဏ်သိက္ခာရှိရှိ၊
ကိုယ့်ရဲ့ဘာသာရေးထုံးတမ်းစဉ်လာအတိုင်းသဂြိုင်္လ်ခွင့်ရကြပါတယ်။သူမရဲ့အဆိုအရ
..တိရိစ္ဆာန်သဖွယ်အသက်ရှင်ခဲ့ရပေမယ့်နတ်သမီး၊နတ်သားတွေလို
ချစ်ခင်မှု၊လိုလားမှုရှိရှိသေဆုံးခွင့်ရခြင်း..ပါတဲ့။

မကြာမီမှာတော့မာသာထရီဇာဟာအနာကြီးရောဂါသည်တွေအတွက် ရှန်တိနဂ္ဂ်ဂါ ဆိုတဲ့
ငြိမ်းချမ်းရေးမြို့တော်ကိုတည်ဆောက်ခဲ့ပါတယ်။သူမရဲ့ဂရုဏာရှင်အဖွဲ့ကလည်းကလ္တကတ္တားမြို့
တစ်ဝှမ်းအနာကြီးရောဂါသည်တွေကိုလိုက်လံရှာဖွေပြီးအစာရေစာ၊ဆေးဝါးနဲ့အနာကိုပတ်တီး
စည်းပေးကြပါတယ်။စောင့်ရှောက်ထားတဲ့မိဘမဲ့ကလေးတွေတဖြည်းဖြည်းနဲ့များပြားလာချိန်မှာ
သူတို့တွေအတွက်ဂေဟာတစ်ဆောင်ဆောက်ဖို့စိတ်ကူးရှိလာပါတယ်။၁၉၅၅ခုနှစ်မှာ အိမ်မဲ့ယာမဲ့နဲ့မိဘမဲ့လလေးတွေအတွက် နမ္မာလရှိရှုဗပ္မာန်
ဂေဟာကိုဖွင့်လှစ်နိုင်ခဲ့ပါတယ်။


ဂရုဏာသီလရှင်များ

အမှုတော်ဟာအလှူရှင်တွေကိုရောပါဝင်ဆက်ကပ်လိုသူတွေကိုပါဆွဲဆောင်နိုင်ခဲ့ပြီး၁၉၆၀ခုနှစ်များ
အတွင်းမှာအိန္ဒိယနိုင်တစ်ဝှမ်းစောင့်ရှောက်မှုဂေဟာတွေ၊မိဘမဲ့ဂေဟာတွေနဲ့အနာကြီးစောင့်ရှောက်
မှုဂေဟာတွေကိုအမြောက်အများဖွင့်လှစ်နိုင်ခဲ့ပါတယ်။မာသာထရီဇာဟာသူမလုပ်ကိုတကမ္ဘာလုံး
အတိုင်းအတာဖြစ်လာအောင်ကြိုးပမ်းခဲ့ပါတယ်။အိန္ဒိ္ဒယပြင်ပရဲ့ပထမဦးဆုံးခြေလှမ်းအနေနဲ့
ဗင်နီဇွဲလားနိုင်ငံမှာသီလရှင်ငါးပါးပါဝင်တဲ့ဂေဟာတစ်ဆောင်ကို၁၉၆၅ခုနှစ်မှာဖွင့်လှစ်နိုင်ငံခဲ့
ပါတယ်။နောက်ပိုင်းမှာတော့၁၉၆၈ခုနှစ်မှာရောမ၊တန်ဇန်းနီးယားနဲ့သြစတြီးယားတွေမှာ
လည်းကောင်း၊၁၉၇၀ခုနှစ်တွေအတွင်းမှာအာရှ၊အာဖရိက၊ဥရောပနဲ့အမေရိကမှာဂေဟာ
နဲ့ဖောင်ဒေးရှင်းဒါဇင်ပေါင်းများစွာဖွင့်လှစ်နိုင်ခဲ့ပါပြီ။

၁၉၆၃ခုနှစ်မှာဂရုဏာကိုယ်တော်များအဖွဲ့ကိုထူထောင်နိုင်ခဲ့ပြီးတော့၁၉၇၆ခုနှစ်မှာတော့သီလရှင်
များအဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်။မာသာထရီဇာရဲ့လုပ်ငန်းမှာသာမန်ကက်သလစ်ဘာသာဝင်တွေရော၊
ကက်သလစ်ဘာသာဝင်မဟုတ်သူတွေပါပူးပေါင်းပါဝင်လာပါတယ်။၁၉၈၄ခုနှစ်မှာဖာသာ
ဂျိုးဇက်လန်းဂ်ဖေါ့ဒ်နဲ့ဂရုဏာဘုန်းတော်ကြီးသာသနာပြုအဖွဲ့ကိုထူထောင်ပြီးသာသနာအမှု
ကိုပြုခဲ့ပါတယ်။၂၀၀၇ခုနှစ်မှာတော့ဂရုဏာသာသနာပြုအဖွဲ့ဟာနိုင်ငံပေါင်း၁၂၀မှာကိုယ်တော်
အပါး၄၅၀၊သီလရှင်အပါး၅၀၀၀နဲ့ကျောင်း၊ဂေဟာတွေအပါအ၀င်သာသနာလုပ်ငန်းပေါင်း
၆၀၀ကျော်ကိုလုပ်ဆောင်နေပါပြီ။

မာသာထရီဇာဟာအိန္ဒိယအစိုးရရဲ့အသိအမှတ်ပြုမှုကိုခံရပြီး၁၉၆၂ခုနှစ်မှာပဒ္ဒမာသီရိဘွဲ့ကို
လည်းကောင်း၊၁၉၆၉ခုနှစ်မှာနေရုးဆုတံဆိပ်ကိုလည်းကောင်းချီးမြင့်ခြင်းခံခဲ့ရပြီး
၁၉၇၂ခုနှစ်တွေမှာလည်းအလားတူဘွဲ့တံဆိပ်ကြီးတွေချီးမြင့်ခြင်းခံခဲ့ရသည့်အပြင်၁၉၈၀ခုနှစ်
မှာအိန္ဒိယရဲ့အမြင့်ဆုံးနိုင်ငံသားဆုတံဆိပ်ဘာရက်ရတ်တ္တနာဆုတံဆိပ်အပ်နှင်းခြင်းခံခဲ့ရပါတယ်။
၁၉၇၉ခုနှစ်မှာတော့ကမ္ဘာ့နိုဗယ်ငြိမ်းချမ်းရေးဆုကြီးကိုရယူနိုင်ခဲ့ပါတယ်။မာသာထရီဇာကို
ဂုဏ်ပြုအပ်နှင်းခဲ့တဲ့ဆုတံဆိပ်တွေကတော့မရေမတွက်နိုင်အောင်ပါဘဲ။

၁၉၉၇ခုနှစ၊်မတ်လ(၁၃)ရက်နေ့မှာဂရုဏာသာသနာပြုလုပ်းငန်းရဲ့အကြီးအကဲရာထူးမှအနား
ယူပြီးနောက်၁၉၉၇ခုနှစ်၊စက်တင်ဘာလ(၅)ရက်နေ့မှာတော့လူ့လောကထဲကအပြီးအပိုင်အနား
ယူထွက်ခွာသွားခဲ့ပါတယ်။လူကွယ်လွန်သွားခဲ့သော်လည်းသူမရဲ့လက်ရာခြေရာတွေကတော့
လူသားတွေအတွက်ဆက်လက်အကျိုးပြုနေဆဲပါဘဲ။

ဒီနေ့.. ဘုရားကျောင်းမှာ.. ကြားရတာလေးပါ

Adolf Hitler ရဲ့ Mein Kampf ကိုဖတ်ပြီး...
စိတ်ဓါတ်တက်ကြွလို့... ဂျူးလူမျိုး သန်းပေါင်းများစွာ.. အသတ်ခံရသတဲ့...
Charles Darwin ရဲ့ The Origin of Species ကိုဖတ်ပြီး...
စဉ်းစားတွေးတောရင်းနဲ့... ဘာသာတရားကို... သံသယ၀င်လာ ကြသတဲ့....
Karl Marx ရဲ့ The Communist Manifesto ကိုဖတ်ပြီး...
ဝေဖန် အကြံပြုရင်းနဲ့.... ဘာသာတရား.. မဲ့လာကြသတဲ့....
ကဲ.. သူငယ်ချင်း... The Holy Bible ဆိုတဲ့... သမ္မာကျမ်းစာကို ဖတ်ပြီး.. ဘာလို့များ အိပ်ငိုက်နေမလဲ...

Thursday, May 9, 2013

ကျေးဇူးတော် ချီးမွမ်းခြင်း

ဘုရားသခင်ရဲ့ ကျေးဇူးတော်၊ သားတော်သခင်ယေရှုရဲ့ ဂရုဏာတော်၊ သန့်ရှင်းသော ၀ိညဉ်တော် တို့ရဲ့ လမ်းပြ ပို့ဆောင်မှုကြောင့် အခု ဒီ blog လေးကို လုပ်ဖြစ်ခဲ့ပါတယ်။ တကယ်တော့ နေ့စဉ် ကျမ်းစာဖတ် ၀တ်ပြုခြင်းမရှိတဲ့ ကျွန်တော့်အတွက် ဘုရားသခင်စေခိုင်းတယ်လို့ပဲ ယူဆပါတယ်။ ဒီblog လေးမှာ ကျွန်တော် အားတဲ့အချိန်တိုင်း ကျွန်တော်ခံစားရတာလေးတွေ တင်သွားမှာပါ။ လာရောက်သူ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ဆုတောင်းပဌနာပြုခြင်း (၁)

     ကျွန်တော်က ဆုတောင်းခြင်းမှာ အား အရမ်းနည်းပါတယ်။ နှုတ်ကပတ်တော်ထဲမှာ ဘယ်လိုပြောထားလဲဆိုတော့...
    " တဖန်ငါဆိုသည်ကား၊ တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့၊ ခေါက်လျှင်ဖွင့်မည်။ တောင်းသောသူမည်သည်ကားရ၏။ ရှာသောသူလည်းတွေ့၏။ ခေါက်သောသူအားလည်း တံခါးကိုဖွင့်၏။ သင်တို့တွင် အဘဖြစ်သောသူ၌ သားသည် မုန့်ကိုတောင်းလျှင် အဘသည် ကျောက်ကိုပေးမည်လော။ ငါးကိုတောင်းလျှင် ငါးအစား၌ မြွေကိုပေးမည်လော။ ဥကိုတောင်းလျှင် ကင်းမြီးကောက်ကို ပေးမည်လော။ သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကိုပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသော ၀ိညာဉ်တော်ကိုသာ၍ ပေးတော်မူမည်မဟုတ်လောဟု မိန့်တော်မူ၏။" (လု ။ ၁၁း ၉-၁၃)
    "" တွေ့နိုင်သည်ကာလတွင် ထာဝရဘုရားကို ရှာကြလော့။ နီးတော်မူသည်ကာလတွင် ဆုတောင်းပဌနာ ပြုကြလော့။ (ဟေရှာ ။ ၅၅း ၆)
     ဆိုပြီးတော့ တွေ့နိုင်ပါတယ်။

     ကျွန်တော်တို့ အလိုရှိသမျှကို အဘဘုရားသခင် သိနှင့်နေပေမယ့် သူ့ကို ချီးမွမ်းဆပ်ကပ်ပြီး တောင်းလျှောက်တာကို သူအလိုရှိပါတယ်။ တစ်ခါတစ်လေ ကျွန်တော်တို့ တောင်းတာထက် ထင်မှတ်မထားတဲ့ ကောင်းချီးတွေပါ ပေးတတ်ပါသေးတယ်။ အဲဒီတော့ ကျွန်တော်တို့ တစ်ရက်ကို အနည်းဆုံး နှစ်ကြိမ် (အိပ်ယာဝင်/အိပ်ယာထ) မတောင်းသင့်ဘူးလားနော့..
      ရှမွေလဆိုရင်
     " ငါမူကား၊ သင်တို့အဘို့ ဆုမတောင်းဘဲနေသဖြင့်၊ ထာဝရဘုရားကို ပြစ်မှားခြင်းအမှုသည် ငါနှင့်ဝေးပါစေသော။ ကောင်းမွန်ဖြောင့်မတ်သော လမ်းကိုလည်း သင်တို့အား ငါပြသဦးမည်။ " (၁ရာ ။ ၁၂း၂၃)
     ဆိုပြီးတော့ သူတပါးအတွက် ဆုမတောင်းပဲနေခြင်းကို ထာဝရဘုရားကို ပြစ်မှားခြင်းအမှုရယ်လို့ ပြောထားတာကို တွေ့ရပါတယ်။ ပြီးတော့ ဆုတောင်းတဲ့ အခါမှာ တကယ့်ကို ယုံကြည်တဲ့စိတ်နဲ့ တောင်း ရမယ်ဆိုတာကို တွေ့ပါတယ်။

     " ထို့ကြောင့် ငါဆိုသည်ကား၊ သင်တို့သည် ဆုကျေးဇူးကို ရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်။ " (မာကု ။ ၁၁း၂၄) မှာ တွေ့နိုင်ပါတယ်...။             "သို့ရာတွင် တွေးတောခြင်းမရှိဘဲယုံကြည်သောစိတ်နှင့်တောင်းရမည်။  တွေးတောခြင်းရှိသောသူသည်ကား၊ လေခတ်၍ လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏။ ထိုသို့သောသူသည် စိတ်နှစ်ခွရှိသောသူ၊ ပြုလေသမျှတို့၌ မတည်ကြည်သောသူဖြစ်၍၊ ထာဝရဘုရား၏ လက်တောမမှ တစုံတခုကို ရမည်ဟု မထင်မမှတ်စေနှင့်။ " (ယာ ။ ၁း ၆-၈)
     " သင်တို့သည် ငါ၌တည်၍ ငါ့စကားသည် သင်တို့၌တည်လျှင်၊ သင်တို့သည် တောင်းချင်သမျှကိုတောင်း၍ ရကြလိမ့်မည်။ " (ရှင်ယောဟန် ။ ၁၅း ၇)

   နောက်မှပဲ ဆက်တော့မယ်ဗျာ..


     

Wednesday, May 8, 2013

ခရစ်ယာန် ဆိုသော အခေါ်အဝေါ် ဝေါဟာရ မည်သည့်အချိန်က စတင်ခဲသလဲ..... ?

တမန်တော်ဝတ္ထု (၁၁း ၂၅-၂၆) မှာ " ဗာနဗသည်လည်း ရှောလုကိုရှာလျက် တာရှုမြို့သို့သွား၏။ တွေ့လျှင် အန္တိအုတ်မြို့သို့ ခေါ်ခဲ့၏။ ထိုသူတို့သည် တနှစ်ပတ်လုံး ထိုအသင်းတော်နှင့်အတူ စည်းဝေး၍၊ လူများအပေါင်းတို့အား ဆုံးမသြ၀ါဒပေးကြ၏။ တပည့်တော်တို့သည်လည်း ခရစ်ယာန် ဟူသော ခေါ်ဝေါ်သမုတ်ခြင်းကို အန္တိအုတ် မြို့၌ အဦးခံရကြ၏။ " လို့ ရေးထားတာတွေ့ရပါတယ်...။