ဖွင့်ထားသောတံခါးကို ဘယ်သူမှမပိတ်နိုင်၊ ပိတ်ထားသောတံခါးကို ဘယ်သူမှမပိတ်နိုင်။
ယနေ့ကျမ်းချက်
သင်၏ အကျင့်ကိုငါသိ၏။ အဘယ်သူမျှ မပိတ်နိုင်သောတံခါးကို သင့်ရှေ့၌ ငါဖွင့်ထားပြီ။ အကြောင်းမူကား၊ သင်သည် အနည်းငယ်သောခွန်အား ရှိသည်နှင့်၊ ငါ၏ နှုတ်ကပတ်ကိုစောင့်ရှောက် ခဲ့ပြီ။ (ဗျာဒိတ် ၃း၈)
ဘုရားသခင်သည် အခွင့်အရေးပေါ်လျှင် ကျွန်ုပ်တို့ရှေ့ တခါးများကိုဖွင့်ပေးသည်။ ထိုအခါ မည်သူမှလာ၍မပိတ်နိုင်ပါ။ သို့သော် တခါတရံ ဘုရားသခင်သည် မိမိရှေ့မှတံခါးများကို မိမိကို စတိုခန်းတွင်း ကောင်းမွန်စွာ သိုသိမ်းထားသကဲ့သို့ ပိတ်ထားလိုက်သည့်အခါများ တခါတရံဖြစ်မည်။ သင့်မှာ အကြံအစည်တခုရှိသော်လည်း ဘုရားသခင်က သူ့အကြံမဟုတ်သောကြောင့် လုပ်ခွင့်မပေးပါ။ အခုဒီလိုဖြစ်နေတယ် ဆိုပေမဲ့ နောက်တခါ ဒီလိုအတိုင်းဖြစ်ချင်မှ ဖြစ်မည်။ ထိုအခါ ကျွန်ုပ်တို့သည် ဘုရားသခင်ကိုသာ ယုံကြည်အားကိုးမှုဖြင့် နှလုံးတံခါးဖွင့်ကာ စောင့်နေရပေမည်။ သင်သည် အမြင်ကျဉ်းသူတစ်ဦးဆိုပါက သင့်ရှေ့တံခါး ပိတ်နေသည်ကိုပဲ မြင်မိပြီး၊ သင့်နောက်ကတံခါး ပွင့်လာသည်ကို မမြင်ပဲ ဖြစ်သွားနိုင်ပါသည်။
မိတ်ဆွေ။ သင့်ရဲ့အကြံအစဉ်အတိုင်း ဘုရားသခင်ကို ယုံကြည်အားကိုးမှုဖြင့် လုပ်သွားနိုင်သောအခါ ဘုရားသခင်သည် တံခါးများပွင့်နေသည်ကို မြင်စေပါသည်။ နှုတ်ကပတ်တော်သည် လမ်းခရီးအတွက် မီးခွက်အလင်း ဖြစ်သည်ဟု ကျမ်းစာကပြောသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် စိတ်နှလုံးကိုဖွင့်ပြီး ဘုရားသခင်ကို ယုံကြည်အားကိုးရမည်။ ဘုရားသခင်... ကျွန်ုပ်ရှိသမျှစွန်လွှတ်ပါပြီ .. ဟု စိတ်သဘောထား ရှိရမည်။ ဘုရားသခင်ရဲ့လမ်းခရီး ကျွန်တော့ဘ၀ဖြစ်ပါစေ ကွန်ုပ်ဘုရား၏အချိန်ကို ယုံကြည်ပါသည်။ ဘုရားသခင်ပြုတဲ့လမ်းအတိုင်း ယုံကြည်စိတ်ချစွာ လိုက်နာပါမည် .. ထိုသို့ဆုံးဖြတ်ပြီးနောက် ပွင့်သွားသောတံခါးကို ကြည့်လိုက်ပါ။
ဆုတောင်းချက်
အဘ ဘုရား၊ ကျွန်ုပ်ခြေလှမ်းကို အမိန့်ပေး၊ လမ်းပြမှုအတွက် ကျေးဇူးတင်ပါသည်။ ကျွန်ုပ်ရှေ့က တံခါးပိတ်သွားလျှင်လဲ ဘုရားသခင်ကို ယုံကြည့်စိတ်ချဖို့ ရွေးချယ်ပါမည်။ ကျွန်ုပ်အတွက် အကောင်းဆုံးလုပ်ပေးမည်ဟုလည်း ယုံကြည်ပါသည်။ ကျွန်ုပ်အသင့်ဖြစ်နေပါပြီ၊ မတ်တပ်ရပ်လျှက် ဘုရားသခင်က တံခါးအဖွင့်ကို စောင့်ကြည့်လျှက်ရှိပါသည်။
အာမင်...
>>http://www.murann.com/ezine/index.php?option=com_content&view=article&id=1645:2013-05-21-14-39-23&catid=5:dailyhope&Itemid=6<<
No comments:
Post a Comment