ကျွန်တော်က ဆုတောင်းခြင်းမှာ အား အရမ်းနည်းပါတယ်။ နှုတ်ကပတ်တော်ထဲမှာ ဘယ်လိုပြောထားလဲဆိုတော့...
" တဖန်ငါဆိုသည်ကား၊ တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့၊ ခေါက်လျှင်ဖွင့်မည်။ တောင်းသောသူမည်သည်ကားရ၏။ ရှာသောသူလည်းတွေ့၏။ ခေါက်သောသူအားလည်း တံခါးကိုဖွင့်၏။ သင်တို့တွင် အဘဖြစ်သောသူ၌ သားသည် မုန့်ကိုတောင်းလျှင် အဘသည် ကျောက်ကိုပေးမည်လော။ ငါးကိုတောင်းလျှင် ငါးအစား၌ မြွေကိုပေးမည်လော။ ဥကိုတောင်းလျှင် ကင်းမြီးကောက်ကို ပေးမည်လော။ သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကိုပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသော ၀ိညာဉ်တော်ကိုသာ၍ ပေးတော်မူမည်မဟုတ်လောဟု မိန့်တော်မူ၏။" (လု ။ ၁၁း ၉-၁၃)
"" တွေ့နိုင်သည်ကာလတွင် ထာဝရဘုရားကို ရှာကြလော့။ နီးတော်မူသည်ကာလတွင် ဆုတောင်းပဌနာ ပြုကြလော့။ (ဟေရှာ ။ ၅၅း ၆)
ဆိုပြီးတော့ တွေ့နိုင်ပါတယ်။
ကျွန်တော်တို့ အလိုရှိသမျှကို အဘဘုရားသခင် သိနှင့်နေပေမယ့် သူ့ကို ချီးမွမ်းဆပ်ကပ်ပြီး တောင်းလျှောက်တာကို သူအလိုရှိပါတယ်။ တစ်ခါတစ်လေ ကျွန်တော်တို့ တောင်းတာထက် ထင်မှတ်မထားတဲ့ ကောင်းချီးတွေပါ ပေးတတ်ပါသေးတယ်။ အဲဒီတော့ ကျွန်တော်တို့ တစ်ရက်ကို အနည်းဆုံး နှစ်ကြိမ် (အိပ်ယာဝင်/အိပ်ယာထ) မတောင်းသင့်ဘူးလားနော့..
ရှမွေလဆိုရင်
" ငါမူကား၊ သင်တို့အဘို့ ဆုမတောင်းဘဲနေသဖြင့်၊ ထာဝရဘုရားကို ပြစ်မှားခြင်းအမှုသည် ငါနှင့်ဝေးပါစေသော။ ကောင်းမွန်ဖြောင့်မတ်သော လမ်းကိုလည်း သင်တို့အား ငါပြသဦးမည်။ " (၁ရာ ။ ၁၂း၂၃)
ဆိုပြီးတော့ သူတပါးအတွက် ဆုမတောင်းပဲနေခြင်းကို ထာဝရဘုရားကို ပြစ်မှားခြင်းအမှုရယ်လို့ ပြောထားတာကို တွေ့ရပါတယ်။ ပြီးတော့ ဆုတောင်းတဲ့ အခါမှာ တကယ့်ကို ယုံကြည်တဲ့စိတ်နဲ့ တောင်း ရမယ်ဆိုတာကို တွေ့ပါတယ်။
" ထို့ကြောင့် ငါဆိုသည်ကား၊ သင်တို့သည် ဆုကျေးဇူးကို ရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်။ " (မာကု ။ ၁၁း၂၄) မှာ တွေ့နိုင်ပါတယ်...။ "သို့ရာတွင် တွေးတောခြင်းမရှိဘဲယုံကြည်သောစိတ်နှင့်တောင်းရမည်။ တွေးတောခြင်းရှိသောသူသည်ကား၊ လေခတ်၍ လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏။ ထိုသို့သောသူသည် စိတ်နှစ်ခွရှိသောသူ၊ ပြုလေသမျှတို့၌ မတည်ကြည်သောသူဖြစ်၍၊ ထာဝရဘုရား၏ လက်တောမမှ တစုံတခုကို ရမည်ဟု မထင်မမှတ်စေနှင့်။ " (ယာ ။ ၁း ၆-၈)
" သင်တို့သည် ငါ၌တည်၍ ငါ့စကားသည် သင်တို့၌တည်လျှင်၊ သင်တို့သည် တောင်းချင်သမျှကိုတောင်း၍ ရကြလိမ့်မည်။ " (ရှင်ယောဟန် ။ ၁၅း ၇)
နောက်မှပဲ ဆက်တော့မယ်ဗျာ..
No comments:
Post a Comment